見出し画像

⑯ミャンマー人のための日本の大学への進路戦略Part2(Strategy for advancing into University in Japan, Part2)

The break time finishes. Last article is below.
အနားယူချိန် ပြီးပါပြီ။ နောက်ဆုံးဆောင်းပါးမှာ အောက်ပါအတိုင်းဖြစ်သည်။

Timeline of your life is critical part for your life. 
သင့်ဘ၀၏ Timeline သည် သင့်အတွက်အရေးပါသောအပိုင်းဖြစ်သည်။

人生のタイムライン Timeline of your life

Back in March 2011, the current general took the present postion at the age of 55. He launched the coup in Feburary 2021 and now he is willingly to take the president position with general election. The election may happen before August 2023 and normally president period lasts 5 years(one term).
※No plan for August 2023 election and No plan for upcoming election now(additional comment in June, 2023)
မတ်လ ၂၀၁၁ ခုနှစ်တွင် လက်ရှိဗိုလ်ချုပ်သည်အသက် ၅၅ နှစ်၌ လက်ရှိရာထူးကို ရယူခဲ့သည်။ သူသည် ဖေဖော်ဝါရီလ ၂၀၂၁ ခုနှစ် တွင် အာဏာသိမ်းယူခဲ့ပြီး ယခုအခါ အထွေထွေရွေး ကောက်ပွဲကျင်းပ၍ သမ္မတရာထူးကို ရယူရန် ဆန္ဒရှိနေသည်။ ရွေးကောက်ပွဲသည် ဩဂုတ်လ ၂၀၂၃ မတိုင်မီဖြစ်နိုင်ပြီး ပုံမှန်အားဖြင့် သမ္မတသက်တမ်းသည် ၅ နှစ် (သက်တမ်းတစ်ခု) ဖြစ်သည်။

So, if he takes the president position, the situation of the country remains the same for another 5 years. Also maximum term is 2 times for 10 years.
※No plan for election, so there is no limited term for him now(additional comment in June, 2023)
သို့ဖြစ်၍ ၎င်းသည် သမ္မတရာထူးကို ရယူမည်ဆိုပါက နိုင်ငံ့ အခြေအနေသည် နောက်ထပ် ၅ နှစ်အထိ အတူတူပင်ဖြစ်ပါလိမ့်မည်။ ၂ကြိမ်ဖြင့် သက်တမ်းအကြာရှည်ဆုံး ၁၀ နှစ်ထမ်းဆောင် နိုင်မည်ဖြစ်သည်။

Looking back on Myanmar history, dictatorship period such as Ne Win(26 years) and Than Shwe(23 years) was long.
မြန်မာ့သမိုင်းကို ပြန်ကြည့်မည်ဆိုလျှင် နေဝင်း (၂၆ နှစ်) နဲ့ သန်းရွှေ (၂၃ နှစ်) တို့၏ အာဏာရှင်ခေတ်က ရှည်လျားပါသည်။

We can't predict future of Myanmar now, but young people like you are destined to stay in Japan at least over 5 years. 
မြန်မာပြည်၏ အနာဂတ်ကို ယခုချိန်ထိ ခန့်မှန်း၍ မရနိုင်သော်လည်း သင်တို့ကဲ့သို့ လူငယ်များ သည် ဂျပန်မှာ အနည်းဆုံး ၅ နှစ်ကျော်နေဖို့ ရည်မှန်းထားပါသည်။

Therefore, it is better for you to prepare living and working over 5 years in Japan, no less than that.
ထို့ကြောင့် ဂျပန်တွင် ၅ နှစ်ကျော်နေထိုင်ပြီး အလုပ်လုပ်ရန် ပြင်ဆင်ခြင်းသည် သင့်အတွက် ပိုမိုကောင်းပါလိမ့်မည်၊ ထိုထက်မနည်းသင့်ပါ။

どこの教育機関や大学を目指すのか? Which education organization and universities do we try to head for?

Now think about which education organization and universities we try to head for?
ယခု မည်သည့်ပညာရေးအဖွဲ့အစည်းနှင့် တက္ကသိုလ်များကို ဦးတည်ရည်ရွယ်ဖို့ ကြိုးစားနေ သလဲ ကိုစဉ်းစားကြည့်ပါ။

Now many young people go to university or tech school via Japanese language school in Japan.
ယခုအခါ လူငယ်အများစုသည် ဂျပန်နိုင်ငံရှိ ဂျပန်ဘာသာကျောင်းမှတစ်ဆင့် တက္ကသိုလ် သို့မဟုတ် နည်းပညာကျောင်းသို့ တက်ရောက်ကြသည်။

We should pay attention that Japanese language schools don't prepare many scholarships, so that students gain living expenses with part-time job.
You are allowed to work up to 28 hours a week, but too much work deprive your study time.
ဂျပန်ဘာသာစကားကျောင်းများသည် ပညာသင်ဆုများစွာ မပြင်ဆင်ပေးသောကြောင့် ကျောင်းသားများသည် အချိန်ပိုင်းအလုပ်လုပ်၍ နေထိုင်စားသောက်စရိတ်များ ရှာဖွေကြရ သည်ကို သတိပြုသင့်သည်။
သင်သည် တစ်ပတ်လျှင် ၂၈ နာရီအထိ အလုပ်လုပ်နိုင်သော်လည်း အလုပ်အလွန်အကျွံလုပ်ပါက သင်၏စာသင်ကြားလေ့လာချိန်ကို ဆုံးရှုံးစေသည်။

Please balance your study time and work time for your future.
သင့်အနာဂတ်အတွက် လေ့လာသင်ယူသည့် အချိန်နှင့် အလုပ်ချိန်ကို မျှတ‌အောင် ချိန်ညှိသင့်ပါသည်။

This is the most important part when it comes to choose education organizations in Japan.
ဂျပန်နိုင်ငံရှိ ပညာရေးအဖွဲ့အစည်းများကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံးအပိုင်းဖြစ်သည်။

I hear some Myanmar teacher recommends going to vocational school(Senmon Gakko).
However, in the long run, cost and benefit of vocational school is questionable.
အသက်မွေးဝမ်းကြောင်း ကျောင်း (Senmon Gakko) သို့တက်ရောက်ရန် မြန်မာဆရာအချို့ အကြံပြုသည်ကို လည်းကြားရပါသည်။
သို့သော် ရေရှည်တွင် အသက်မွေးဝမ်းကြောင်းကျောင်းများ၏ ကုန်ကျစရိတ် နှင့် အကျိုး အမြတ်မှာ မေးခွန်းထုတ်စရာဖြစ်သည်။

Average monthly salary after graduating from each school is different.
When you graduating from university, monthly salary is around 37 Lakh Myanmar Kyat(MMK)and from vocational or tech school's graduate monthly salary is 33 Lakh MMK.
※1 year payment, 2.76 million yen(=444 Lakh) nearly equals to 4 year suition fee in natinal university, 2.44 million yen.
ကျောင်းတစ်ခုစီမှ ဘွဲ့ရပြီးနောက် ရရှိမည့် ပျမ်းမျှလစဉ်လစာ‌‌ငွေမှာ ကွာခြားသည်။ တက္ကသိုလ် မှ ဘွဲ့ရပြီးနောက်ရရှိမည့် လစဉ် လစာမှာ မြန်မာငွေ ကျပ် ၃၇ သိန်းဝန်းကျင်ရှိပြီး အသက် မွေးဝမ်းကြောင်း သို့မဟုတ် နည်းပညာကျောင်းမှ ဘွဲ့ရများ၏ လစဉ်လစာမှာ ၃၃ သိန်းကျပ် ဖြစ်သည်။
※၁ နှစ် ပေးချေမှုမှာ ယန်း ၂.၇၆ သန်း (= ၄၄၄ သိန်း) နီးပါးရှိပြီး ၎င်းသည် အမျိုးသား တက္ကသိုလ်၏ ကျူရှင် ၄ နှစ် ပမာဏ ယန်း ၂.၄၄ သန်း နီးပါး နှင့် ညီမျှသည်။

In the short run, difference of uni and vocationa/tech is 4 Lakh MMK every month and 1 year difference is 48 Lakh MMK.
အတိုချုပ်ပြောရလျှင် uni နှင့် vocationa/techတို့၏ ကွာခြားချက်သည် တစ်လလျှင် ၄ သိန်းကျပ်ဖြစ်ပြီး ၁ နှစ်ကွာခြားချက်မှာ ၄၈ သိန်းကျပ်ဖြစ်ပါသည်။

However in the long run, university is 57 Lakh MMK and vocational/tech school is 46 Lakh MMK and salary gap widens.
သို့သော် ရေရှည်တွင် တက္ကသိုလ်က ၅၇ သိန်းကျပ်နှင့် အသက်မွေးဝမ်းကျောင်း/ နည်းပညာကျောင်းက ၄၆ သိန်းကျပ်ဖြစ်ပြီး လစာကွာဟချက်မှာ ပိုမိုကြီးမားလာသည်။

Nobody predicts the future of Myanmar right now, so you can set your timeline longer in Japan.
မြန်မာနိုင်ငံ၏ အနာဂတ်ကို ယခုအချိန်တွင် မည်သူမှ မခန့်မှန်းနိုင်သောကြောင့် ဂျပန်တွင် သင်၏ Timeline ပိုကြာအောင် သတ်မှတ်နိုင်သည်။

In Japan, there is a weird term Hensachi(Deviation Score)and Japanese students know each university exam difficulty ranking with this term, Hensachi.
ဂျပန်နိုင်ငံတွင် Hensachi (Deviation Score) အမည်ရှိ ထူးဆန်းသော အသုံးအနှုန်းတစ်ခု ရှိနေပြီး ဂျပန်ကျောင်းသားများသည် ဤအခေါ်အဝေါ်ဖြစ်သည့် Hensachi နှင့် တက္ကသိုလ် စာမေးပွဲ အဆင့်သတ်မှတ်ရာတွင် အခက်အခဲတစ်ခုစီကို သိရှိကြသည်။

For example, in engineering field, Tokyo uni is 67.5, Kyoto uni and Kobe uni is 65.0. 
ဥပမာအားဖြင့်၊ အင်ဂျင်နီယာနယ်ပယ်တွင် တိုကျိုတက္ကသိုလ်သည် ၆၇.၅၊ ကျိုတို တက္ကသိုလ် နှင့် ကိုဘေး တက္ကသိုလ် သည် ၆၅.၀ ဖြစ်သည်။

In economics, business management, commerce field, Tokyo uni and Kyoto uni is 67.5, Hitotubashi is 65.0.
စီးပွားရေး၊ စီးပွားရေးစီမံခန့်ခွဲမှု နှင့် ကူးသန်းရောင်းဝယ်ရေးနယ်ပယ်တွင် တိုကျိုတက္ကသိုလ် နှင့် ကျိုတို တက္ကသိုလ် တို့သည် ၆၇.၅ ဖြစ်ပြီး ဟီတိုဆုဘရှိ သည် ၆၅.၀ ဖြစ်သည်။

Hensachi(university exam difficulty ranking) is related with annual income.
Hensachi (တက္ကသိုလ်စာမေးပွဲအခက်အခဲအဆင့်သတ်မှတ်ချက်) သည် နှစ်စဉ်ဝင်ငွေနှင့် ဆက်စပ်နေသည်။

Annual salary ranking by the university 2022 shows 1st is Tokyo uni, 2nd is Hitotsubashi, 3rd is Keio uni, 4th is Kyoto uni, 5th is Tokyo Kogyo uni, 6 the is Waseda uni, 7th is Osaka uni, 8th is Tohoku and so on.
၂၀၂၂ တက္ကသိုလ် အလိုက် နှစ်စဉ် လစာအဆင့်သတ်မှတ်ချက်တွင် ပထမ မှာ တိုကျို တက္ကသိုလ်၊ ဒုတိယမှာ ဟီတိုဆုဘရှိ၊ တတိယမှာ ခေးအိုးတက္ကသိုလ်၊ စတုတ္ထမှာ ကျိုတို တက္ကသိုလ်၊ ပဉ္စမမှာ တိုကျို ကိုကျိုတက္ကသိုလ်၊ ဆဌမ မှာ ၀ါဆေးဒတက္ကသိုလ်၊ သတ္တမမှာ အိုဆာကာတက္ကသိုလ် နှင့် အဋ္ဌမမှာ တိုဟိုကု အစရှိသည်ဖြင့်ဖြစ်ကြသည်။

If you don't decide which university to go, just following this ranking is one idea.
မည်သည့်တက္ကသိုလ်သို့ တက်ရောက်ရမည်ကို မဆုံးဖြတ်နိုင်လျှင် ဤအဆင့်သတ်မှတ် ချက် အတိုင်းလိုက်နာခြင်းသည်လည်း နည်းလမ်းတစ်ခုဖြစ်ပါသည်။

Annual Income Ranking from Universities(same as the slide above)
※Bold univarsity means private university

1. Tokyo Uni, Tokyo
2. Hitotsubashi Uni, Tokyo
3.Keio Uni, Tokyo(Private uni)
4. Kyoto Uni, Kyoto
5. Tokyo Institute of Technology(Tokyo Kogyo Uni), Tokyo
6. Waseda Uni, Tokyo(Private uni)
7. Osaka Uni, Osaka
8. Tohoku Uni, Miyagi
10. Kobe Uni, Hyogo
11. International Christian Uni, Tokyo(Private uni)
12.Yokomaha Kokuritsu Uni, Kanagawa
13. Nagoya Uni, Aichi
14. Tsukuba Uni, Chiba
14. Sophia(Jochi) Uni, Tokyo(Private uni)
16. Nagoya Institute of Technology(Nagoya Kogyo Uni), Aichi
17. Tokyo University of Science(Tokyo Rika Uni), Tokyo
18. Kyushu Uni, Fukuoka
19. Hokkaido Uni, Hokkaido
20. Tokyo University of Foreign Studies(Tokyo Gaikokugo Uni), Tokyo
21. Doshisha Uni, Kyoto(Private uni)
22. Tokyo University of Agriculture and Technology(Tokyo Nokou Uni), Tokyo
23. Tokyo Metropolitan University(Tokyo Toritsu Uni), Tokyo
24. The University of Electro-Communications(Denki Tsushin Uni), Tokyo
25. Chuo Uni, Tokyo(Private uni)
26. Chiba Uni, Chiba
27. Yokohama City Uni(Yokohama Shiritsu Uni), Kanagawa
28. Meiji Uni, Tokyo(Private uni)
29. Aoyama Gakuin Uni, Tokyo(Private uni)
29. Osaka Metropolitan University(Osaka Koritsu Uni),Osaka

Many Myanmar people want to go to universities in Tokyo, just because Tokyo is urban city. However, living cost is high, and people are not so friendly compared with local area. That's why local area's national uni is also nice option. 
တိုကျိုမြို့သည် မြို့ပြဖြစ်သောကြောင့် မြန်မာအများစုသည် တိုကျိုရှိ တက္ကသိုလ်များသို့ တက်‌ရောက်ချင်ကြသည်။ သို့သော်လည်း လူနေမှုစရိတ် ကြီးမားပြီး နယ်ဖက်ရှိ လူများ နှင့်နှိုင်းယှဉ်လျှင် ဖော်ရွေမှု မရှိပါ။ ထို့ကြောင့် ဒေသခံဧရိယာရှိ အမျိုးသား တက္ကသိုလ်သည် ကောင်းမွန်သော ရွေးချယ်မှုဖြစ်သည်။

Hokakido, Tohoku, Kyoto, Nagoya, Osaka, Kyushu uni are all nice uni and all of those areas are more urban and convinient than Yangon.
ဟော့ကိုင်းဒိုး၊ တိုဟိုကု၊ ကျိုတို၊ နာဂိုရာ၊ အိုဆာကာနှင့် ကျူးရှူးတက္ကသိုလ်များအားလုံး သည် ကောင်းမွန်သောတက္ကသိုလ်များဖြစ်ကြပြီး ထိုတက္ကသိုလ်များအားလုံး၏ဧရိယာသည် ရန်ကုန် ထက်ပို၍မြို့ပြဆန်ပြီးသက်တောင့်သက်သာရှိသည်။

I recommend nationa uni more than private uni.
Japanese smart students try to go to national university, because tuition fee is cheaper(Because of the goverment subsidy, almost all the national uni's tuition fee is the same.), size of the campus is big, and there are less students.
ကျွန်ုပ်သည် ပုဂ္ဂလိကတက္ကသိုလ် ထက် အမျိုးသားတက္ကသိုလ်ကို ထောင်ခံအားပေးသည်။
ထက်မြက်သော ဂျပန်ကျောင်းသားများသည် ကျောင်းလခ သက်သာခြင်း၊ ကျယ်၀င်းသော ကျောင်း၀င်းနှင့် ကျောင်းသား ဦးရေနည်းပါးခြင်းတို့ကြောင့် အမျိုးသား တက္ကသိုလ်သို့ တက်ရန် ကြိုးစားကြသည် (အစိုးရ ထောက်ပံ့ကြေးကြောင့် အမျိုးသား တက္ကသိုလ် အားလုံးနီးပါး ကျူရှင်ခ အတူတူပင် ဖြစ်သည်။)

You can see the number of undergraduate students in this slide.
Inside private uni, it's always crowded and service quality is not high. Library and dining hall is always packed with massive people(I was a university student in one of the private uni and I know the situation well.).
ဤဆလိုက်တွင် ဘွဲ့ကြိုကျောင်းသားအရေအတွက်ကို တွေ့နိုင်ပါသည်။ ပုဂ္ဂလိက တက္ကသိုလ် များတွင် အမြဲတမ်း လူစည်ကားနေပြီး ဝန်ဆောင်မှုအရည်အသွေး မမြင့်မားပါ။ စာကြည့်တိုက်နှင့် ထမင်းစားခန်းမသည် အမြဲလိုလို လူများပြည့်ကျပ်နေသည်။ (ကျွန်တော် သည် ပုဂ္ဂလိက တက္ကသိုလ်တစ်ခုမှ တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်ပြီး အခြေအနေကို ကောင်းစွာသိပါသည်။)

This part is quote from the recent book. The writer explains characteristics of each university.
ဤအပိုင်းသည် မကြာသေးမီကထုတ်‌‌‌‌‌‌‌‌‌‌‌သော‌ စာအုပ်မှ ကိုးကားပါသည်။ စာရေးသူက တက္ကသိုလ်တစ်ခုချင်းစီ၏လက္ခဏာရပ်များကို ရှင်းပြပါသည်။

If you are intrested in and good at reading Japanese, please read through this part.
သင်သည်ဂျပန်စာကို စိတ်ဝင်စားပြီးကောင်းမွန်စွာဖတ်တတ်ပါကဤအပိုင်းကို ဖတ်ကြည့်ပါ။

I introduced the criticism of Japanese university, but also at the same time, there are huge benefits for Myanmar young people (especially if you belong to uni in Myanmar and can't graduate)going to university in Japan.
ဂျပန်တက္ကသိုလ်၏အားနည်းချက်များကိုဖော်ပြခဲ့ပြီးဖြစ်သော်လည်းတစ်ချိန်တည်းမှာပင် ဂျပန်နိုင်ငံတွင်တက္ကသိုလ်တက်ရောက်ခြင်းသည် မြန်မာလူငယ်များအတွက် ကြီးမားသော အကျိုးကျေးဇူးများရှိနေပါသည်။ (အထူးသဖြင့် သင်သည် မြန်မာနိုင်ငံရှိ တက္ကသိုလ် နှင့် သက်ဆိုင်ပြီးဘွဲ့မရနိုင်လျှင်)

The biggest benefit is based on Japanese university attitude of "letting students alone" policy. You can play sports, do your hobby, do club activity and so on in uni. I was into the volunteer guide activity enthusiastically when I was in Kyoto uni and didn't study hard(I read 400 books instead for 4 years).
အကြီးမားဆုံး အကျိုးအမြတ်မှာ ဂျပန်တက္ကသိုလ်၏ သဘောထားအပေါ် အခြေခံသည့် "ကျောင်းသားများကို ကိုယ်ပိုင်အချိန် ပေးရန်" ပေါ်လစီပင်ဖြစ်သည်။
တက္ကသိုလ်၌ အားကစားကစားခြင်း၊ ဝါသနာပါရာလုပ်ခြင်း၊ ကလပ်လှုပ်ရှားဆောင်ရွက်မှုများ စသည်တို့ကို လုပ်ဆောင်နိုင်ပါသည်။ ကျိုတိုတက္ကသိုလ်၌ ကျွန်တော်ရှိစဥ်တုန်းက စေတနာ့ဝန် ထမ်းလမ်းညွှန်လှုပ်ရှားမှုတွင် စိတ်ပါလက်ပါ ဆောင်ရွက်ခဲ့ပြီး ကြိုးကြိုးစားစား သင်ယူ လေ့လာမှုမပြုလုပ်ခဲ့ပါ။ (ထိုအစား စာအုပ် ၄၀၀ ကို ၄ နှစ်စာဖတ်ခဲ့ပါသည်။)

This policy is good for the students who are willingly to study and reaserch hard, because professors can care small number of motivated students.
ပါမောက္ခများသည် စိတ်အားထက်သန်သော ကျောင်းသားအနည်းစုကို ပြုစုပေးနိုင် သော ကြောင့် ဤမူဝါဒသည် ပြင်းပြင်းထန်ထန်လေ့လာ ခြင်းနှင့်သုတေသနပြုလုပ်လိုသော ကျောင်း သားများအတွက် ကောင်းမွန်ပါသည်။

Lazy students borrow notes and previous exam questions from friends and memorize it and get the lowest score of credit approval and pass the exam. This is OK, because Japanese firms don't look at your grade and score.
ပျင်းရိသောကျောင်းသားများသည် သူငယ်ချင်းများထံမှ မှတ်စုများနှင့် ယခင်စာမေးပွဲ မေးခွန်း များကို ချေးယူပြီး ၎င်းကို အလွတ်ကျက်မှတ်၍ အနိမ့်ဆုံးအောင်မှတ်ရမှတ်သက်မှတ်ချက်ကို ရရှိပြီး စာမေးပွဲအောင်မြင်ကြသည်။

The U.S. uni tries to manage students and impose lots of homeworks and assigned reading materials, while Japanese uni respect independence, don't manage students and treat them as adults. 
အမေရိကန်တက္ကသိုလ် သည် ကျောင်းသားများကို စီမံခန့်ခွဲရန်ကြိုးစားခြင်း၊ အိမ်စာများ အမြောက်အများပေးခြင်းနှင့် ဖတ်စရာစာအုပ်စာတမ်းများ ပေးအပ်သည့်အချိန်တွင် ဂျပန် တက္ကသိုလ်သည် လွတ်လပ်မှုကို လေးစားကာ ကျောင်းသားများကို စီမံခန့်ခွဲခြင်းမပြုဘဲ အရွယ်ရောက်သူအဖြစ် ဆက်ဆံသည်။

After graduating Japanese uni, students can easily hunt the job.
Normally, in Europe and the U.S., you can't get strategy consulting job or investment bank's job after undergrad.
However, in Japan, foreign companies don't require Master and Ph.D degree. You can get an excellent and high paid salary job, after graduating from Japanese uni.
Some Chinese and Korean students notice the easiness of hunting jobs after graduating from Japanese uni, so they come to visit Japanese uni now.
ဂျပန်တက္ကသိုလ်မှဘွဲ့ရပြီးနောက် ကျောင်းသားများသည် အလုပ်အကိုင်ကို အလွယ်တကူ ရှာဖွေနိုင်သည်။ ပုံမှန်အားဖြင့် ဥရောပနှင့် US တွင် ဘွဲ့ကြိုပြီးပါက မဟာဗျူဟာ အတိုင်ပင်ခံ အလုပ် သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုဘဏ်၏ အလုပ်မရနိုင်ပါ။ သို့သော် ဂျပန်နိုင်ငံရှိ နိုင်ငံခြား ကုမ္ပဏီများသည် မဟာဘွဲ့ နှင့် ပါရဂူ ဘွဲ့များ မလိုအပ်ပါ။ ဂျပန်တက္ကသိုလ် မှ ဘွဲ့ရပြီးပါက အလွန်ကောင်းမွန်ပြီး လစာမြင့်သော အလုပ်တစ်ခု ရနိုင်သည်။
ဂျပန်တက္ကသိုလ် မှ ဘွဲ့ရပြီးနောက် အလုပ်အကိုင်ရရှိရန် လွယ်ကူမှုကို သတိပြုမိသောကြောင့် တရုတ်နှင့် ကိုးရီးယား ကျောင်းသား အချို့သည် ဂျပန် တက္ကသိုလ် သို့ ယခုပင် လာရောက် လေ့လာ ကြသည်။

In short, you can take short-cut in your career to get excellent and high paid salary job.
အတိုချုံးပြောရလျှင် သင်၏အသက်မွေးဝမ်းကြောင်းတွင် အလွန်ကောင်းမွန်ပြီး လစာမြင့် မားသော အလုပ်ရရန် ဖြတ်လမ်းကိုအသုံးပြုနိုင်သည်။

本日のまとめ Key takeaway today

I wrap up today's lecture and share key takeaway.
ဒီကနေ့ ဟောပြောပွဲကို အဆုံးသတ်ပြီး တပါတည်းယူဆောင်သွား နိုင်သော အဓိက သော့ချက် ကိုမျှဝေပေးလိုက်ပါသည်။

You wonder that "Are you the right person to teach this to us?"
I can say "Maybe" ( ;∀;).
"သင်က ငါတို့ကို ဒီလိုသင်ပေးတာ မှန်ကန်တဲ့လူလား?"လို့သင်တို့မေးခွန်းထုတ်ရင် ကျွန်တော် ကတော့ “ဖြစ်နိုင်တယ်”လို့ပြောနိုင်ပါတယ်။

I try to improve my skill and enjoy the learning process and take some qualifications after graduating from uni. It is fun activity always, because it is necessary for my works and I can use those skills.
ကျွန်တော်သည် တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် ကျွန်တော်၏ကျွမ်းကျင်မှုကို မြှင့်တင်ရန် ကြိုးစားပြီး သင်ယူမှုလုပ်ငန်းစဉ်ကို နှစ်သက်ကာ အရည်အချင်းအချို့ကို လည်းရရှိ‌ရန် ကြိုးစားပါသည်။ ကျွန်တော့်အလုပ်အတွက် လိုအပ်ပြီး ထိုအရည်အချင်းများကို အသုံးချနိုင် သည့်အတွက် အမြဲပျော်စရာကောင်းသည့် လှုပ်ရှားမှုဖြစ်ပါသည်။

You don't need to worry about going and studying in Japan.
It's your competition like sports athlete, you don't need to compete with other Myanmar or Japanese.
ဂျပန်တွင် ကျောင်းတက်ဖို့ စိတ်ပူစရာ မလိုပါ။ အားကစားသမားများကဲ့သို့ သင်၏ပြိုင် ဆိုင် မှုသည် တခြားမြန်မာ၊ ဂျပန်များနှင့်ယှဉ်ပြိုင်စရာ မလိုပါ။

Dreaming your future and enjoying the learning process can lead you to next stage of your life.
သင့်အနာဂတ်ကို အိပ်မက်မက်ပြီး သင်ယူမှုလုပ်ငန်းစဉ်ကို ပျော်ရွှင်စွာ အသုံးချခြင်းဖြင့် သင့်ဘဝ၏နောက်ထပ်အဆင့်သို့ ပို့ဆောင်ပေးနိုင်ပါသည်။

Also, if you are adult over age 20, don't run away from difficult things. If you overcome difficulty, you can acquire another new skill.
ထို့အပြင် သင်သည် အသက် ၂၀ ကျော် အရွယ်ရောက်ပြီးပါက၊ ခက်ခဲသောအရာများကို ရှောင်မပြေးပါနှင့်။ အခက်​အခဲများကို ​ကျော်​ဖြတ်​နိုင်ပါက ​နောက်​ထပ်​ ကျွမ်းကျင်​မှုအသစ်များကို ရရှိနိုင်​ပါသည်​။

Thank you, thank you for listning and share with me your precious time.
ကျေးဇူးတင်ပါတယ်၊ နားထောင်ပေးပြီးတန်ဖိုးရှိတဲ့အချိန်ကို မျှဝေပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်။

I answer some questions from readers of this article in the next article below.
နောက်ဆောင်းပါးတွင် ဤဆောင်းပါး၏ စာဖတ်သူများထံမှ မေးခွန်းအချို့ကို ကျွန်တော် ဖြေကြားထားပါသည်။


この記事が気に入ったらサポートをしてみませんか?