見出し画像

Spotifyアプリからプレミアムプランを購入できないのはなぜですか? Spotify App ကနေ ဘာလို့ Premium Plan ဝယ်လို့မရတာလဲ?

Japan စရောက်ကတည်းက Spotify ကို ပထဦးဆုံးအကြိမ် စပြီးတော့သုံးဖြစ်တယ်။ ဒီမှာကျတော့ Student discount ဆို စျေးက တစ်ဝက်လောက်သက်သာဆိုတော့။  UX Designer တစ်ယောက်နေနဲ့  တခုသတိထားမိတာက Spotify app ကနေ Premium plan ဝယ်လို့မရတာပဲဲ။ ဝယ်ချင်တဲ့ဆို App ထဲမှာ ထည့်ထားတဲ့ Link ကို Click ကို နှိပ်ပြီးမှ Website ကနေတဆင့်ဝယ်ရတာ။ User တစ်ယောက်အနေနဲ့စဉ်းစားရင် Apple Pay ကနေပေးပြီး In-App-payment တခါတည်း လုပ်ပြီး Plan ဝယ်ချင်မှာပေါ့။ Spotify ဆိုတာကလည်း သေးတဲ့ Company မဟုတ်ဘူးလေနော်။


အဲ့ဒါနဲ့ ဘာကြောင့် In-app purchase လုပ်လို့မရလဲဆိုတာကို Research လုပ်လိုက်တော့။ 

"Time to Play Fair" အတိုချုံး အချက်များ

  • Apple's 30% Fee: Spotify က In-app purchase ဝယ်ယူမှုတိုင်းအတွက် ၃၀% ကြေးပေးရသော်လည်း Apple Music နှင့် အခြားအက်ပ်များမှာ ကင်းလွတ်နေ/ ပေးစရာမလို။

  • Promotions ကန့်သတ်ချက်များ: Spotify က Apple platform မှာ users တွေကို Deals ရှိကြောင်း Advertise လုပ်ချင်တဲ့အခါ Apple က သူတို့သတ်မှတ်ချက်ကို ဖောက်ဖျက်တယ်ဆိုပြီး reject လုပ်။

  • Premium Plan Upgrade ကန့်သတ်ချက်များ: User တွေက Spotify Premium သို့ အလွယ်တကူ အဆင့်မြှင့်၍မရဘဲ အဆင့်များစွာ လိုအပ်ခြင်း။

  • AudioBook ဝယ်ယူ၍မရခြင်း: Apple Books တွေနဲ့ Experience မတူညီဘဲ Spotify ကနေ AudioBooks တွေ ဝယ်ယူဖို့ လုပ်ဆောင်ချက်များ ကွာခြားနေခြင်း။ Spotify ကနေ ဝယ်ယူလို့မရခြင်း။ 

  • App Enhancement ကို Reject လုပ်ခြင်း: Apple က Spotify App enhancement တွေကို မကြာခဏ Reject လုပ်တာကြောင့် Overall user experience ကို ထိခိုင်လာခြင်း။ 

အသေးစိတ်ကိုအောက်ပါ Link ကနေဖတ်ရှုနိုင်ပါတယ်။ 


この記事が気に入ったらサポートをしてみませんか?