Design Handoff ဆိုတာ ဘာလဲ?
Xin အခု Developers တွေကို Design Handoff လုပ်တဲ့အခါ ကြုံတွေ့ရတဲ့ အခက်အခဲကတော့ အများကြီးပါပဲ။ Xin အစက ထင်တာတော့ Figma File လေး Share လိုက်မယ်၊ ပြီးရင် Developers တွေက Coding ရေးမယ် လို့လွယ်လွယ်ကူကူထင်ခဲ့တယ်။ ဒါပေမယ့် တကယ့်လက်တွေ့ Design Implementation လုပ်တဲ့အချိန်မှာ ကြုံတွေရတဲ့ အခက်အခဲတွေတော့ အများကြီးပါပဲ။ ဥပမာ Font-size ဘယ်လောက်လဲတို့, Font-color က ဒီ page မှာတော့ တမျိုး နောက် Page မှာတော့ တမျိုးဖြစ်နေတယ်။ Developers တွေကလည်း Implementation ပိုင်းကို ဘယ်လိုလုပ်ရမလဲလို့ Slack ကနေ မေးတာတော်တော်လေးကိုများပါတယ်။ ဒီလိုနဲ့ အခက်အခဲတွေ ကြုံတွေ့ရတာ Project တစ်ခုလည်း မဟုတ် ၂ ခုလည်းမဟုတ်နဲ့ Xin ကိုယ့်ကိုယ်ကို သုံးသပ်ကြည့်ပါတယ်။ Design File တွေကို Share ထားသေးတာပဲ ဘာတွေလိုနေသေးလဲပေါ့။ Google မှာလည်း ခေါက်ရှာရတာပေါ့။ နောက်ဆုံးတော့ Xin Design handoff လုပ်တဲ့အပိုင်းမှာ တော်တော်လေး လိုနေတာကို သွားတွေ့ပါတယ်။
Designerတွေ အနေနဲ့က Developer ကို Design handoff လုပ်တယ်ဆိုတာ Project တစ်ခုရဲ့ အရေးကြီးတဲ့ နောက်ဆုံး Step တစ်ခုဖြစ်ပါတယ်။ Handoff ကိုသာ သေသေချာချာလုပ်နိုင်မယ်ဆိုရင် Designer နဲ့ Developer ကြားမှာ မလိုအပ်ဘဲ အချိန်မကုန်နိုင်သလို Final prodcut quality ကိုလည်း ပိုမိုကောင်းမွန်လာအောင် မြှင့်တင်ပေးနိုင်ပါတယ်။ Designer တွေက User experience တို့၊ Interface တို့၊ Graphic design ပိုင်းကို Focus ထားကြပေမယ့် Developers တွေကတော့ Xin တို့ designer တွေဆွဲထားတဲ့အရာတွေကို ရုပ်လုံးပေါ်လာအောင် develop လုပ်ပေးရပါတယ်။
ဒီ Blog မှာတော့ Design handoff ဆိုတာဘာလဲ? Design handoff လုပ်တဲ့ အချိန်မှာ သတိထားရမဲ့ အချက်နဲ့ Design handoff ကို ဘယ်လို ပြင်ဆင်ရမလဲဆိုတာကို ဖော်ပြပေးသွားပါမယ်။
Design handoff ဆိုတာ
Design handoff ဆိုတာ Designer တွေ မိမိဆွဲထားတဲ့ Design file ကို Developer တွေကို code ရေးဖို့ ပေးတဲ့အချိန်ဖြစ်ပါတယ်။ Product development အဆင့်မှာဆိုရင် developer တွေက Final design ကို Implement လုပ်တဲ့ နောက်အဆင့်ဖြစ်ပါတယ်။ Design handoff လုပ်တာ အောင်မြင်စေဖို့အတွက် Designer နဲ့ Developer ကြားမှာ ပူးပေါင်းဆောင်ရွက်မှု (Collaboration) က အင်မတန်မှကို အရေးကြီးပါတယ်။ ဒါပေမယ့်လည်း ဒီ Design Handoff က ထင်တာထက်တော့ မလွယ်ကူလှပါဘူး။ ဘာကြောင့်လဲဆိုတာ ကြည့်ကြည့်ရအောင်။
Communication & Collaboration
အောင်မြင်တဲ့ design handoff ဖြစ်ဖို့အတွက် communication နဲ့ collaboration က အရေးကြီးလွန်းလှပါတယ်။ ဒါကြောင့် Developer တွေကို design handoff လုပ်တာ နောက်ဆုံး Code implementation လုပ်တဲ့အချိန်မှမဟုတ်ဘဲ Early design process တွေမှာကတည်းက ပါဝင်စေသင့်ပါတယ်။ Xin ကတော့ ကိုယ့်ဘာသာကိုယ်သာ Design ကိုပြီးအောင်ဆွဲ၊ ပြီးမှ Develper တွေကို Bye Bye ဆိုပြီး ပျော်ပျော်ပါးပါးနဲ့ကို ပေးလိုက်တာပဲ။ ဒီဟာကတော့ Designer တွေတော်တော်များများ မှားလေ့ရှိပါတယ်။ တကယ်လို့ Developers တွေကိုသာ Early design process မှာ ကတည်းက ပါဝင်စေရင်တော့ သူတို့ ကျွမ်းကျင်တဲ့ နယ်ပယ်ရှုထောင့်ကနေတဆင့် ဘယ်အရာတွေကတော့ Feasible ဖြစ်မယ် မဖြစ်ဘူးဆိုတာကို Early Design process မှာကတည်းကနေ သိနိုင်လို့ပါ။ Developers တွေဆိုတာ Design တွေကို ရုပ်လုံးပေါ်လာအောင် Develop လုပ်ပေးကြတဲ့သူတွေဖြစ်ပါတယ်။ သူတို့ကို Design process တလျှောက်လုံး ပါဝင်စေလေလေ Xin တို့ Final product ကို Quality ကောင်းကောင်းနဲ့ လျင်လျင်မြန်မြန်ပြီးမြောက်အောင် ကူညီနိုင်လေလေ ဖြစ်ပါတယ်။
Speaking the Same Language (Terms)
Developers တွေနဲ့ Communication လုပ်တဲ့အချိန်မှာ ရိုးရှင်းပြီး နားလည်လွယ််တဲ့ Language (terms) တွေကိုအသုံးပြုသင့်ပါတယ်။ Designer တွေ သုံးနေကျဖြစ်တဲ့ Empathy map, user journey map တွေဆိုတာ Developer တွေ မသိနိုင်တဲ့ အတွက် Technical terms တွေကို တတ်နိုင်သလောက်ရှောင်ပေးသင့်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် Designer နဲ့ Developer ကြားမှာ မလိုအပ်ဘဲ အပြန်အလှန် မေးဖြေတွေ လုပ်စရာမလိုတဲ့အတွက် အချိန်အများကြီး ချွေတာနိုင်ပါတယ်။
Reduce Knowledge Gaps Between Parties
Xin တို့တွေက ကိုယ့်အလုပ်ကိုပဲ အာရုံစိုက်ကြပြီးတော့ တခြားလူတွေရဲ့ အလုပ်ကို သိပ်ပြီးအာရုံစိုက်လေ့မရှိပါဘူး။ ဒီလိုအရာတွေကို Team နဲ့အလုပ်လုပ်ရတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်ကြား နားလည်မှု လွဲမှားတာတွေဖြစ်စေနိုင်ပါတယ်။ Designer နဲ့ Developer ကြားက Knowledge Gap တွေကို လျော့ချနိုင်မှသာ ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ Xin တို့ Designer အနေနဲ့ ဘယ်လို Code ရေးရမလဲဆိုတာကို အသေးစိတ်မသိနိုင်ပေမယ့် Programming languages တွေနဲ့ ကိုယ့် Design ကို Developer တွေ Code ရေးတဲ့ အချိန်ကြုံတွေ့နိုင်တဲ့ အခက်အခဲတွေကိုတော့ နားလည်ထားသင့်ပါတယ်။ HTML, CSS, Javascript တို့လိုမျိုး Front-end skills တွေကို သိထားတာကလည်း Xin တို့လို Designer တွေကို ကောင်းမွန်တဲ့ Colloborator ဖြစ်လာစေပြီး Product quality တွေကိုလည်း ကောင်းလာစေနိုင်ပါတယ်။
Designer တစ်ယောက်အနေနဲ့ တကယ်လို့ကိုယ်သာ Programming Language ကိုသိမယ်ဆိုရင် Xin တို့အနေနဲ့ ဘယ်လို Design တွေဆိုရင် Developer တွေ Implement လုပ်နိုင်မလဲဆိုတာကို သိနိုင်ပါတယ်။ ဒီကနေတဆင့် Developer တွေလည်း ကိုယ့် Design အတိုင်းကို မှန်မှန်ကန်ကန် develop လုပ်ပေးနိုင်မှာဖြစ်ပါတယ်။
Developerတွေရဲ့ အလုပ်ကလည်း မလွယ်ကူလှပါဘူး။ Coding ကို သူတို့ရတဲ့ Timeline နည်းနည်းလေးထဲမှာ အဆက်မပြတ်ရေးရတယ်။ ရေးသားပြီး Coding တွေကို ပြန်လည်ပြင်ဆင်ရေးသားတာတွေလိုအပ်ပါတယ်။ တခါတလေမှာတော့ Xin တို့ မျှော်လင့်ထားတဲ့ ရလဒ်အတိုင်း ရနိုင်မှာ မဟုတ်တာကိုလည်း သိထားရပါတယ်။
ဒါတွေကတော့ Design handoff overview လေးဖြစ်ပါတယ်။ နောက်အပတ်မှာ design handoff လုပ်ဖို့ ဘယ်လို ပြင်ဆင်မလဲဆိုတာကို တင်ဆက်ပေးသွားမှာဖြစ်လို့ ဆက်လက်စောင့်မျှော်ပေးကြပါဦးလို့။