見出し画像

この旅がどこで終わるのかはわかりません。 | ဤ Journey ဘယ်နေရာ ဘယ်ဆီ End မည် မသိ။

2017 မှာ Japan Osaka Universtiy မှာ တစ်နှစ်ပညာတော်သင်ပြီး Japan က Lifestyle ကို ကိုယ်တိုင်ကြုံတွေ့ခံစားရပြီး နောက်ကို Japan ကို မသွားတော့ဘူးဆိုပြီး စိတ်ပိုင်းဖြတ်လိုက်တယ်။ 2018 September မှာ မြန်မာပြန်လာပြီး UFL final year ကျန်သေးတော့ တစ်နှစ်ဆက်တက်ပြီး 2019 မှာ ကျောင်းပြီးတယ်။ ကျောင်းပြီးကတည်းက Japan စာလုံးဝမထိတာ ၄ နှစ်ခွဲကျော်ခဲ့ပြီ။ ကျောင်းပြီးတော့ Covid ဖြစ်တယ်။  Coup ဖြစ်တယ်။ လုပ်နေတဲ့အလုပ်ကလည်း Work From Home ဖြစ်သွားတယ်။ နိုင်ငံအခြေအနေကလည်း တစ်နေ့ပြီးတစ်နေ့ ပိုဆိုးလာတော့ နိုင်ငံခြားထွက်ဖို့ကို စစဉ်းစားတယ်။ ကျောင်းတက်မလား။ အလုပ်ဆက်လုပ်မလားပေါ့။ နောက်ဆုံးနိုင်ငံခြားထွက်ဖို့ အလွယ်ဆုံးက Japan ဖြစ်နေတော့ Japan စာပြန်ဖြေမယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ JLPT N1 ကတော့ 2019 ကတည်းက အောင်ထားပြီးပြီဆိုပေမယ့် Certificate ကလည်း 2 years ပဲ Valid ဖြစ်တော့ ပြန်ဖြေဖို့ဖြစ်သွားတယ်။ နောက်ပိုင်းလုပ်တဲ့ အလုပ်တွေကလည်း Japan တွေနဲ့ လားလား မဆိုင်တော့ Japan စာနဲ့ဆိုပိုဝေးခဲ့ရ။ နှစ်ချီပြီးစာမလုပ်ခဲ့ပေမယ့် 2023 July မှာ ပြန်ဖြေမယ်ဆိုပြီး စိတ်ဒုံးဒုံးချပြီးဖြေလိုက်တာ N1 Passed သွားခဲ့တယ်။

ကျောင်းတက်ဖို့ဖြစ်လာပုံ

အရင် Hana မှာလုပ်တုန်းက လုပ်ဖော်ကိုင်ဖက်ထဲက ကျောင်းတက်ဖို့ပြင်ဆင်နေကြတာတစ်ကြောင်း၊ Xin ကိုယ်တိုင်လည်း Career နောက်တဆင့် တက်ချင်တာမို့ ကျောင်ဆက်တက်ဖို့ စိတ်မကူးထားပေမယ် အကြောင်းဖန်လာတယ်။ အခုကလုပ်နေတဲ့ UX design ပိုင်းကနေ Service design ပိုင်းကို ကူးချင်တာပေါ့။ UX designer က graphic designer တို့ မဟုတ်ပါဘူးနော်။ Photoshop တို့ illustrator တောင် လုံးဝမသုံးတတ်။ အစကတော့ UK ဖက်က ကျောင်းမှာ Service Design Master တက်မယ်ဆိုပြီး ကျောင်းတွေလည်း ရှာထား။

အဲ့ချိန်ဖြစ်ချင်တော့ MEXT လည်းခေါ်နေတာနဲ့ လျှောက်ကြည့်လိုက်တယ်။ MEXT ကတော့ လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကတည်းက Coup ဖြစ်တုန်းကနေ စဉ်းစားထားတယ်။ ဘာဖြစ်နေနေ နိုင်ငံခြားထွက်မယ်ဆိုပြီး။ အဲ့တုန်းကကျတော့ ကိုယ်ဘာလုပ်ချင်မှန်း ရေရေရာရာမသိခဲ့တာလည်းတစ်ကြောင်း၊ ဟိုမှာသွားတက်ရင် Research က လုပ်ရမှာတစ်ကြောင်း၊ အရေးကြီးဆုံးကို ဘာကို Research လုပ််လို့လုပ်ရမယ်မသိတာကတစ်ကြောင်းနဲ့ ဒီမှာပဲ အလုပ်အတွေ့အကြုံဆက်ယူလိုက်ပါမယ်လေဆိုပြီး ဖင်လှည့်ခေါင်းလှည့်နဲ့ အခုထိကိုရောက်လာတယ်။ အခု UX ပိုင်းလုပ်လာတာလည်း ၃ နှစ်ထဲရှိလာပြီ။ ပြည်တွင်းထက် ပြည်ပအတွေ့အကြုံကို လိုချင်တော့ ရှာရင်းဖွေရင်း Japan၊ China ဖက်က Service designer တွေနဲ့တွေ့ပြီး သူတို့နဲ့ စကားပြောဖြစ်တယ်။ နောက်ဆုံး Service design ပိုင်းကို Try ကြည့်ချင်လာတယ်။ ကိုယ်တိုင် Learning materials တွေစုပြီး self-learning ကို ပိုအားထည့်လာတယ်။ ကြားထဲမှာ acamedic transcript က Final year ဟာ မရှိသေးတော့ MUFL ကို သွားဖို့အကြောင်းဖန်လာရော။ ကြားထဲ Process တော့ မပြောချင်တော့ပါဘူး။ (လောင်ခဲ့ရလို့၊ မေတ္တာပို့ခဲ့ရလို့)

MAJA Application

၅ လပိုင်းလောက် MAJA ကခေါ်တော့ Document တွေကလည်း စုပြီးသလောက်စုပြီးပြီဆိုတော့ Ready ပေါ့။ အဲ့မှာ ဘယ်ကျောင်းရွေးရမလဲဆိုတော့ မဆုံးဖြတ်ရသေးဘူး။ Designer လုပ်နေပေမယ့် Interface design တို့ဘာတို့ ဆွဲရတာ လုံးဝ မကြိုက်တဲ့သူမို့ ကျောင်းရှာရတာ အခက်အခဲနည်းနည်းဖြစ်ခဲ့တယ်။ ကျောင်းတွေထဲမှာ Media design school, art design school တွေလည်း အများကြီးတွေ့တယ်။ အဲ့တာတွေက Xin နောက်ပိုင်း သွားချင်တဲ့ Career နဲ့ မကိုက်ညီဘူးဆိုတော့။ နောက်ဆုံး ရှာရင်းဖွေရင်း Linkedin မှာ Accenture က Service Design Director က လည်း Xin အခု Apply လုပ်မယ့် ကျောင်းတက်နေတော့ သူနဲ့ စကားပြောကြည့်ပြီး Keio University ဆိုပြီး ဆုံးဖြတ်လိုက်တာ။

Research proposal လည်း စလုံးရေးမစရသေးတော့ အဲ့မှာ လုံးပမ်းရပါလေရော။ တကယ်ပြောရရင် UX Research က ပုံမှန်လည်း တောက်လျှောက် လုပ်နေကျဆိုတော့ သိပ်တော့အခက်အခဲတော့မရှိခဲ့ပေမယ့် အခုက Acamedic ပိုင်းပို Focus ထားရမယ်။ Literature review လုပ်ရတယ်။ ပြီးတော့ 2 ပတ်အတွင်း ပြင်ဆင်ခဲ့ရတော့ နည်းနည်းတော့ Stress ပိခဲ့ရတယ်။ Reference တွေဖတ်ရတယ်။ ထည့်တယ်။ proposal ပြင်တယ်။ finalize လုပ်တယ်။ နောက်ဆုံး တင်လိုက်တယ်။ ဖြစ်ချင်တော့ အဲ့ချိန် Hana ကနေ ထွက်ပြီး Yoma ကို ၆ လပိုင်းထဲ Join ဖို့ Wait နေတဲ့အချိန်ဆိုတော့ ဒီ Proposal ကို ပြင်ဆင်ဖို့ အချိန်လုံလုံလောက်လောက်ရခဲ့တယ်။ မဟုတ်ရင် အလုပ်တစ်ဖက်၊ proposal တစ်ဖက်နဲ့ ရူးသွားမှာ။

Exams

MAJA ကနေ document 1st screening result ထွက်လာတယ်။ 94 ယောက်လားမသိဘူး။ ကြားထဲတော့ document screening အဆင့်မှာတင် တော်တော်များများ ပြုတ်သွားပုံပဲ။ နောက်နေ့ကျတော့ စာမေးပွဲဖြေဖို့ Date (4th June: 12:30 - 13:30) ထွက်လာတယ်။ ဖြစ်ချင်တော့ Hana က အကို၊အမ တွေနဲ့ Ngwe Saung ခရီးထွက်နေတာ။ အဲ့နေ့က အပြန်ရက်ကြီး၊ ပြန်တဲ့အချိန်ကြီး ဖြစ်နေတယ်။ အကို၊ အမတွေလည်း Xin စာမေးပွဲဖြေပြီးတဲ့ထိ အေးဆေးစောင့်ကြတယ်။ မှတ်မှတ်ရရပါပဲ။

နောက်၂ ပတ်လောက်ကြတော့ MAJA written အောင်တဲ့ Result ထွက်ပြီး Embassy witten exam ဖြေတယ်။ အဲ့တာက တစ်ပတ်လောက်ကြာတော့ result ထွက်ပြီး နောက်နေ့ Inteview လုပ်တယ်။ Inteview လုပ်တဲ့အချိန်ကလည်း တစ်ယောက် ၁၀ မိနစ်ဆိုတော့ နည်းနည်းတော့ Stree ပိခဲ့တယ်။ ကိုယ်ပြောချင်တဲ့အရာ Appeal လုပ်ချင်တဲ့အရာတွေ မပါသွားမှာစိုးလို့။ နောက်တစ်ပတ်လောက်ကြာတော့ Interview result ထွက်ပြီး Pass ဖြစ်တယ်။ နောက်တစ်ဆင့်အနေနဲ့ ကျောင်းတွေကို စပြီး ဆက်သွယ်ရတော့တယ်။

Keio ကို ရွေးဖြစ်ခဲ့ပုံ

Embassy interview pass ဖြစ်ပြီးတော့ ကျောင်းရွေးရတော့ပေါ့။ Xin ရှာတွေ့တဲ့ကျောင်း/ ရွေးတဲ့ ကျောင်းကပဲ မဟုတ်လို့လားမသိ။ ဂျပန်က Graduate ကျောင်းတော်တော်များများက Acemadic research ပိုင်း ပိုသွားသလားလို့။ Xin ကိုယ်တိုင်ကျတော့လည်း စာတွေ့ထက် လက်တွေ့သမားဆိုတော့ Practical မှ ပိုအဆင်ပြေမှာ။ ဦးစားပေးကတော့ Keio ပေါ့။ Professor ကို ကိုယ်တိုင်ဆက်သွယ်ပြီး သူ့ Student အနေနဲ့ လက်ခံပေးနိုင်မလားလို့ Email ပို့ပြီး နောက်နေ့ Zoom နဲ့ စကားပြောကြပြီး Professor ဖက်က သူ့ Student အနေနဲ့ လက်ခံကြောင်း Email နဲ့ Reply လာတယ်။ မီတင်မှာတော့ ဆရာနဲ့ သေချာဆွေးနွေးတယ်။ ကျောင်းက ဘယ်လိုတွေရှိလဲ။ ဘယ်လို Project တွေလုပ်ကြလဲပေါ့။ Xin ရွေးတဲ့ကျောင်းကလည်း တခြားနဲ့မတူတာကိုး။ သူက design project course ရှိတယ်။ အဲ့မှာက 1st semester က learning လုပ်ခဲ့တဲ့ techniques တွေကို company တွေနဲ့ချိတ်ဆက်ပြီး company တွေရဲ့ problems တွေကို solution ထုတ်ပေးရတဲ့ design project တစ်ခု။ အဲ့တာနဲ့တင် စိတ်ဝင်စားတာနဲ့ စုံပလုံနေအောင်မေးတာပေါ့။ Intake ကျတော့ Yoma ဖက်မှာ အလုပ်ဝင်တာလည်း မကြာသေးတော့ လက်ရှိအလုပ်မှာ နည်းနည်းဆက်နေပြီး Experience ပိုယူဖို့ ၉ လပိုင်းကို ရွေးလိုက်တယ်။ ဘယ်လိုဖြစ်နေနေ IELTS certificate လည်း လိုချင်တော့၊ တချက်ခုတ်နှစ်ချက်ပြတ်ဆိုပြီး Eng course ကိုပဲရွေးလိုက်တယ်။ (Conscription Law ကို Announce လုပ်လိုက်ကတည်းက September intake ရွေးခဲ့ရလားဆိုပြီး နောင်တတွေ အလိမ့်လိုက်ရ၊ အဲ့တာနဲ့ ကျောင်းဖက်ကို April intake ပြောင်းလို့ရမလားဆိုပြီး ပြန်ပြောနဲ့ နောက်ဆုံးတော့ Intake ပြောင်းလို့ရသွား။) နောက်ဆုံးတော့ 16th Sep လောက်မှာ Keio ဖက်ကနေ LoPA (Provisional acceptance letter) ကျလာ။

Passport သက်တမ်းတိုး

Provisional acceptance letter လည်းကျလာပြီဆိုတော့ scholarship က 90% လောက်ကတော့ သေချာပါပြီပေါ့။ ကျောင်းကတော့ တစ်ကျောင်းပဲရွေးထားတယ်။ Final result ကတော့ 1 လပိုင်းလကုန် or 2 လပိုင်းအစောပိုင်းလောက်မှာ သိရမှာပါ။ အဲ့တာနဲ့ 1 နှစ်သက်တမ်းကျန်နေသေးတဲ့ Passport လေးကို သက်တမ်းသွားမယ်ဆိုပြီ QR ဘာညာယူပြီး ရက်ချိန်းရောက်တဲ့နေ့ Passport သွားပါတယ်ပေါ့။ ရုံးရောက်ရောက်ချင်း Racist လုပ်ခံရတာဆိုးဆိုးရွားရွား။ တခြား ဟိန္ဒူတွေ၊ ဘာသာခြားတွေ အကုန် လဝကဖက်မှာ သွားတန်းစီရတာ။ Xin ရဲ့မှတ်ပုံတင်က လူမျိုးမှာ တရုတ်စပ်နေလို့ဆိုပြီး လဝကဖက်ကို သွားတန်းစီရသေး။ 2 နာရီနီးပါးလောက်တန်းစီပြီး eid စစ်တာ မှတ်ပုံတင် ၂ ကတ်ကိုင်ဆိုပြီး ပေါ်လာရော။

မှတ်ပုံတင် ၂ ကတ်ဖြစ်ရတဲ့ အကြောင်းအရင်း

၂၀၁၈ လောက်ထင်တယ်။ 18 နှစ်ပြည့် မှတ်ပုံတင်ကတ် လဲတော့ အဲ့မှာ တင်ပေးလိုက်တဲ့ပွဲစားက လူအသစ်အနေနဲ့တင်လိုက်ပြီး မှတ်ပုံတင်နံပါတ်အသစ်နဲ့ထွက်လာတာ။ အဲ့တာနဲ့ မဟုတ်ဘူး၊ နံပါတ်အဟောင်းအတိုင်းရအောင်လုပ်ပေးပြန်ပြောလိုက်တော့ အဟောင်းအတိုင်းတော့ရပါတယ်။ ဟိုအသစ်ဟာက ပြန်မဖျက်လိုက်တော့ 2 ကတ်လုံးကိုင်နေသလိုဖြစ်နေ။ နံပါတ်အသစ်နဲ့ဟာလည်း အဲ့ကတည်းကနေ လုံးဝကို မကိုင်နေဘူး။ သူတို့ဖက်ကို ပြန်ပေးပြီးသား။ ကြားထဲမှာ အဲ့မှတ်ပုံတင် ၂ ခုကိစ္စနဲ့ နယ်ပြန်ဘာညာနဲ့ ဖြေရှင်းလိုက်ရတာတွေ အများကြီးရှိပေမယ့် မန်းလေးမှာ ပွဲစားနဲ့ passport လုပ်လိုက် 27th Feb မှာ Passport ရခဲ့လို့ စိတ်အေးသွားပြီ။

Here's to new beginnings and cherished memories!

この記事が気に入ったらサポートをしてみませんか?