見出し画像

HASAMI 鋳込み見学

Nagasakiခရိုင်ရဲ့ ကြွေထည်လုပ်ငန်းနဲ့နာမည်ကြီးတဲ့ hasamiမြို့ကို Nagasaki International University ရဲ့ နိုင်သံခြားသားကျောင်းသားများအတွက် ဂျပန်ယဉ်ကျေးမှုလေ့လာရေးအစီအစဉ်မှာပါဝင်ရင်း သွားရောက်လေ့လာခဲ့ပါတယ်။ hasamiမြို့ရဲ့ကြွေထည်လုပ်ငန်းဟာ Showa ခေတ်ကစတင်ခဲ့ပါတယ်။ ယခင်ကတော့ ထင်းမီးဖြင့်ကြွေထည်များကိုမီးဖုတ်ထုတ်လုပ်ခဲ့ပေမယ့် ယခုအခါမှာတော့ gas မီးဖြင့်ပြောင်းလဲထုတ်လုပ်နေတယ်လို့ သိခဲ့ရပါတယ်။ သို့ပေမယ့် မြို့ထဲမှာတော့ ထင်းမီးသုံးခဲ့စဉ်က မီးခိုးခေါင်းတိုင်များကို ယခုတိုင်မဖြိုဖျက်ခဲ့ ၇ခုကို ထိန်သိမ်းထားပါတယ်။
ပထမဆုံးအနေနဲ့ hasami ကြွေထည်ပြခန်းနှင့် အရောင်းခန်းမကို လေ့လာခဲ့ပါတယ်။ ရှေးယခင်ကကြွေထည်များအပြင် လက်ရှိခေတ်ဒီဇိုင်းအလိုက် လက်တွေသုံးနိုင်သော အိမ်သုံးကြွေထည်ပန်းကန်ခွက်ရောက်များအပြင် အိမ်အလှဆင်ကြွေရုပ်များကိုပါ ခင်းကျင်းပြသ ရောင်းချလျှက်ရှိပါတယ်။

မြို့ရဲ့လမ်းတစ်လျောက်က ဂျပန်ရိုးရာအငွေ့အသက်များနှင့်အတူ လမ်းဘေးဝန်းနံရံနှင့် တံတားလက်တန်းဘောင်များကို ကြွေထည်ကြွေချပ်များနှင့် အလှဆင်ထားသည်ကိုလည်း ယခုတိုင်မြင်ရမှာဖြစ်ပါတယ်။

ထိုမှတဆင့် ယနေ့အစီအစဉ်၏အထိကဖြစ်သော 鋳込み(ikomi) ကြွေရေနွေအိုးကို ကိုယ်တိုင်လက်တွေ့လုပ်ဆောင်ရန် ကြွေထည်ထုတ်လုပ်သည့်အိမ်သို့ သွားရောက်ခဲ့ပါတယ်။ ကြွေရေနွေအိုးလုပ်ငန်းကို လုပ်ကိုင်လျှက်ရှိသောဆရာFujita ဆီမှ လက်တွေ့သင်ယူခဲ့ပါတယ်။ ဆရာ့ရဲ့မိသားစုဟာ ကြွေထည်လုပ်ငန်းကိုလုပ်ကိုင်နေသည်မှာ နှစ်ပေါင်း၉၀ပြည့်တော့မည်ဟု သိခဲ့ရပါတယ်။ ဆရာရဲ့ ရှင်းပြချက်အရ ကြွေထည်ပြုလုပ်ရန်အတွက် Kumamoto ခရိုင်မှ ကုန်ကြမ်းဖြစ်သည့်ကျောက်ကို အမှုန့်အဖြစ်ချေ၍ပြုလုပ်သည်ကို လေ့လာခဲ့ရပါတယ်။ Kumamoto မှကျောက်မှုန့်ကိုသုံးခြင်းမှာ ကြွေထည်ပုံစံလောင်းသည့်အခါ ပုံစံယူရလွယ်ကူခြင်းနှင့် ပုံစံမပျက်ဆီးလွယ်ခြင်းကြောင့်ဖြစ်သည်လို့ သိရှိရပါတယ်။
ကြွေထည်ရေနွေးအိုးကို ပြုလုပ်ရန်ပြင်ဆင်သည့်အခါ သတိထားရမည့်အချက်မှာ ပုံစံသွင်းထားသော အရွယ်အစားမှ မီးဖုတ်ပြီးသည့်အခါ ကျန်မည့်အရွယ်စားမှာ ၃ပုံ၂ပုံခန့်ကျုံ့သွားမည်ကို ထည့်သွင်းစဉ်းစာကာ မိမိလိုချင်သောအရွယ်အစားကို တွက်ချက်ရန်ဖြစ်ပါသည်။ ကြွေထည်ရေနွေးအိုးအား အပူချိန်၁၃၀၀ဒီဂရီဖြင့် မီးဖုတ်သည်ကိုလည်း သိရှိလေ့လာခဲ့ရပါတယ်။

Original design manufacturing ကိုယ်ပိုင်ဒီဇိုင်းထုတ်လုပ်ခြင်းအား ဦးတည်နေသည့် hasami မြို့ ကြွေထည်လုပ်ငန်းများထဲမှ တစ်စိတ်တဒေသကိုလေ့လာသင်ယူခွင့်ရခဲ့ပါတယ်။
ပထမဆုံးကိုယ်တိုင်ပြုလုပ်သည့် ကြွေထည်ရေနွေအိုး၏နောက်ဆုံးထွက်လာမည့် ရလဒ်အား စိတ်လှုပ်ရှားရင်ခုန်နေမိပါသည်။

ယနေ့နေ့လည်စာအဖြစ် ဂျမ်ဘိုပီဇာအား ကိုယ်တိုင်ပြုလုပ်ကာ စားခဲ့ပါတယ်။ ပီဇာမုန့်ဖို၏ထူးခြားချက်မှာ ယခင် ကြွေထည်များပြုလုပ်စဉ်က အသုံးပြုခဲ့သောဖိုအား အနည်းငယ်ပြင်ဆင်ကာ ပီဇာမုန့်ဖိုအဖြစ် အသုံးပြုနေခြင်းပင်ဖြစ်ပါတယ်။
ပီဇာအား ထင်းမီးဖြင့်ဖုတ်သည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ပါတယ်။
အလွန်အနံ့အရသာနဲ့ပြည့်စုံသော ကိုယ်တိုင်လုပ်ပီဇာကို နေ့လည်စာအနေဖြင့် သုံးဆောင်ခဲ့ပါတယ်။
အရမ်းကိုပျော်စရာကောင်းတဲ့ ယဉ်ကျေးမှုဖလှယ်ခြင်း အစီအစဉ်ပင်ဖြစ်ခဲ့ပါတယ်။

この記事が気に入ったらサポートをしてみませんか?