見出し画像

ကိုယ့်ကိုယ်ကိုယ် ဘောင်ခတ်ခြင်း

ကိုယ့်ကိုယ်ကိုယ် ဘောင်ခတ်ခြင်းဆိုတာကို ဘယ်လိုနားလည်လဲ။ Xin အတွက်ကတော့ အသက်အရွယ်ရလာလေ ကိုယ့်ကိုယ်ကိုယ် ဘောင်ပိုခတ်တတ်လာတာကို တွေ့ရတယ်။ Risk လည်း မယူချင်တော့လေ၊ လူများတွေကိုယ့်ကိုယ် ဘယ်လိုမြင်မလဲဆိုတာ စိတ်ထဲအမြဲထားနေတော့လေ၊ အသစ်အသစ်တွေဆိုရင် Try ချင်စိတ်က မရှိတော့ဘဲ ကိုယ့်ကိုယ်ကိုယ် ဘောင်ခတ်နေမိတယ်။ 


Xin အတွေ့အကြုံ

Xin ဂျပန်ကို MEXT Scholar နဲ့ ဒီနှစ် ၄ လပိုင်းမှာ ရောက်လာတယ်။ ဂျပန်မေဂျာနဲ့ ကျောင်းပြီးထားပေမယ့် ဂျပန်စာမသုံးတာ၊ မလေ့လာတာ ၄ နှစ်ကျော်လောက်ရှိပြီဆိုတော့ Writing ပိုင်းတင်မက၊ Speaking ပိုင်းမှာပါ သိသိသာသာ အားနည်းလာပြီး လိုအပ်ချက်များလာတာကို တွေ့ရတယ်။ သေချာတာကတော့ လွန်ခဲ့တဲ့ ၄ နှစ်ကျော်လောက်ကနဲ့ ယှဉ်ရင် ဂျပန်လို Communicate လုပ်ရတာကို ယုံကြည်မှုမရှိတော့ပဲ။ 

ဂျပန်ရောက်တော့လည်း စိတ်ထဲမှာ "ငါဂျပန်စာမသုံးတာ ၄ နှစ်ကျော်ပြီ ငါ ကောင်းကောင်းပြောတတ်မှာမဟုတ်ဘူး" ဆိုပြီး အမြဲကိုယ့်ကိုယ်ကိုယ် ဘောင်ခတ်နေမိတယ်။ အပြင်သွားတာပဲဖြစ်ဖြစ်၊ ဆိုင်ထိုင်တာပဲဖြစ်ဖြစ်၊ ဆေးခန်းသွားတာပဲဖြစ်ဖြစ် အမြဲဘောင်ခတ်နေမိတဲ့အတွက် ဂျပန်လိုပြောတယ်ဆိုရင်တောင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတာကြောင့် ကောင်းကောင်းပြောမထွက်ခဲ့ဘူး။ နောက်ဆုံးတော့ English လိုပဲ Communicate လုပ်လိုက်တယ်။ English လိုကျတော့လည်း ဂျပန်တော်တော်များများက သိပ်မပြောတတ်ကြဘူးလေ။ အဲ့ဒါနဲ့ ကိုယ်ပြောတာ သူတို့နားမလည်။ သူတို့ပြောတာ ကိုယ်နားမလည်နဲ့။ ပတ်ချာလည်နေရော။ နောက်ပြီး အခုကျောင်းတက်တာကလည်း English Program နဲ့ဆိုတော့ Japanese က မလိုပါဘူးလေလို့တွေးမိတာလည်းတစ်ပိုင်းပေါ့။ 

ဒီရောက်ပြီး ၁ ပတ်လောက်ကြာတော့ Keio University မှာ Research student အနေနဲ့ တက်ပြီး Japanese Classes တွေကို စပြီး တက်တယ်။ နောက်ဆုံးရွေးလိုက်တာက Business Japanese နဲ့ Grammar class။ ကြာသပတေးနေ့တရက်ပဲ Mita campus ထိသွားတက်ရတာ။ Level 7 classes တွေကလည်း Mita campus မှာပဲ ရှိတာကိုး။ အိမ်ကနေတော့ ၄၅ မိနစ်လောက် ရထားစီးရတယ်။ အတန်းကိုလည်း တစ်ရက်ပဲသွားရအောင်ဆိုပြီး Thursday တစ်ရက်တည်းကိုပဲ ၂ ချိန်ရွေးတက်လိုက်တယ်။ အတန်းထဲမှာလည်း အဲ့တိုင်းပဲ။ ယုံကြည်မှုမရှိတော့ ထစ်အထစ်အနဲ့ ဘယ်လိုမှ အဆင်မပြေခဲ့ဘူး။ အဲ့ချိန်တခြား Insecure (Body ပိုင်းဆိုင်ရာရော၊ Beatuy ပိုင်းဆိုင်ရာရော) ဖြစ်နေတဲ့အပိုင်းတွေလည်းရှိနေတော့။ Insecure ဖြစ်နေတဲ့အပိုင်းနဲ့ပတ်သက်ပြီး နောက်ထပ် Blog တစ်ခုရေးပါမယ်။ 

နောက်ဆုံး ကိုယ်က ဒီလိုဆက်သွားနေရင် ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်တဲ့အခါ Language barrier သေချာပေါက်ကို ဖြစ်မှာမို့လို့ ကိုယ့်စိတ်က ဘာဖြစ်နေတာလဲဆိုတာကို စပြီး ဆန်းစစ်ဖြစ်တယ်။

  • ငါဘာကြောင့် ဒီလိုဖြစ်နေတာလဲ? 

  • ငါဘာကြောင့် ယုံကြည်မှုပျောက်ဆုံးနေရတာလဲ? 

  • ငါဘာကြောင့် အသစ်အသစ်တွေကို မ Try ရဲတာလဲ? 

  • ငါဘာကြောင့် ကိုယ့်စိတ်ကိုယ်ကို ပိတ်ထားတာလဲ? 

စသဖြင့် Why စကားလုံးတွေနဲ့ Root cause ကို စပြီး ရှာဖွေဖြစ်တယ်။ 

သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောဖြစ်

၂၀၂၄/ ၃ လပိုင်း မိုးကုတ်ကိုရောက်တော့ ငယ်ငယ်တုန်းကတည်းက သူငယ်ချင်းနဲ့ ကန်ဘောင်မှာထိုင်ပြီး ဆေးလိပ်ဖွာရင်း ဘဝအကြောင်း၊ အချစ်ရေးအကြောင်း၊ ကိုယ်စီကိုယ်ငှကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံအကြောင်းတွေကို ပြောဖြစ်၊ ဆွေးနွေးဖြစ်ကြတယ်။ အရင်လ ၇ လပိုင်းကုန်ခါနီးမှာလည်း အဲ့သူငယ်ချင်းက သူ IELTS ဖြေဖို့ Plan ထားကြောင်း၊ Scholarship လျှောက်ဖို့ ပြင်နေကြောင်း ပြောပြတယ်။ သူ့အနေနဲ့ စာမေးပွဲမအောင်ရင် ဘယ်လိုလုပ်မလဲ၊ သူလုပ်မှလုပ်နိုင်ပါ့မလား၊ Scholarship မရရင် ဘယ်လိုလုပ်မလဲ စသည်ဖြင့် သူစိုးရိမ်နေတဲ့အကြောင်းပြောပြတယ်။ ပြီးရင် သူကဘာပြောသေးလဲဆိုတော့ သူစာနဲ့ဝေးကွာနေတာကြာပြီ၊ ဒီကြားထဲမှာလည်း ကိုယ်ပိုင် Brand လုပ်ပြီးကတည်းက သိပ်အချိန်မပေးနိုင်ဘူးဆိုပြီးလည် ပြောလာတယ်။ Xin လည်း Xin ကြုံတွေ့ခဲ့ရတဲ့ Experience အရ သူ့ကိုယ်သူ ဘောင်ခတ်နေတဲ့ အကြောင်းကို ပြောပြပြီး စကားတွေရှေ့ဆက်ခဲ့ကြတယ်။ Xin တို့အနေနဲ့က အရင် Try ကြည့် ရတာမရတာက နောက်မှတွေး၊ အခု လုပ်စရာရှိတာသာ ရှေ့ဆက်လုပ်။ ပြီးရင် ဘယ်တော့မှ အဆိုးဆုံးဆိုတာကိုလည်း မတွေးထားသင့်သလို၊ အကောင်းဆုံးဆိုတာကိုလည်း မတွေးထားသင့်ဘူး။ ဘာလုပ်လုပ် Backup plan ထားရမယ်။ Backup plan ထားတာကလည်း 1st plan ကိုအလေးနက်ထားပြီးမလုပ်တာမဟုတ်ကြောင်းကို ပြောပြရင်း သူငယ်ချင်းလည်း ယုံကြည်မှုရသွားတဲ့ပုံပဲ။ ၈ လပိုင်း ၄ ရက်နေ့မှာ ထိုင်းမှာ IELTS ဖြေမယ်ဆိုပြီး၊ ၁၁ လပိုင်းမှာ Scholoarship proceudre စလုပ်တော့မယ်ဆိုတော့ အစစအရာရာ အဆင်ပြေပါစေလို့ဆုတောင်းရင်း။

ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ခြင်း

သူငယ်ချင်းနဲ့ စကားပြောဖြစ်ရင်း ကိုယ့်ကိုယ်ကိုယ်ဆန်းစစ်ကြည့်တယ်။

Imposter ဖြစ်ခြင်း

တကယ်က ကိုယ့်ပတ်ဝန်းကျင်မှာ တခြားသူတွေနဲ့ ယှဉ််လိုက်တဲ့အချိန်ကစပြီး Imposter syndrone ဖြစ်ကိုဖြစ်တာပါပဲ။ များသောအားဖြင့် Imposter ဖြစ်ရင် သူများနဲ့ ယှဉ်ပြီး ငါက သုံးစားမရဘူး။ ငါက အဖက်ဖက်မှာလိုအပ်ချက်တွေနဲ့များနေတယ်။ ငါဘယ်လိုမှ ရှေ့ဆက်လုပ်လို့မရတော့ဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ် မကောင်းတဲ့ စကားတွေ အကြိမ်ကြိမ်ပြောတတ်ပြီး Fixed mindset နဲ့ ကိုယ့်ကိုယ်ကိုယ် နံရံခြားလိုက်တတ်ကြပါတယ်။ ဒီမှာတစ်ခုပြောချင်တာက Imposter ဖြစ်တယ်ဆိုတာ ကောင်းတဲ့ဖက်ကနေကြည့်ရင်တာ့ ကိုယ့်မှာ ဘာတွေလိုနေလဲ။ ကိုယ်ဘာတွေ ဖြည့်တင်းဖို့လိုနေလဲ၊ ဘာတွေ သင်ယူသင့်လဲဆိုတာကို မြင်တတ်လာရင် Personal growth အတွက်တောင် အထောက်အပံ့များများပေးနိုင်ပါတယ်။။ Imposter မဖြစ်ရင် နေ့စဉ်နေ့တိုင်းက Comfort zone ထဲမှာပဲ ရောက်နေပြီး နေ့ရက်တိုင်းကို အဓိပ္ပာယ်မဲ့မဲ့နဲ့ ဖြတ်သန်းနေမိကြမှာပါ။ ဒါကြောင့် Imposter ဖြစ်တာကလည်း အဆိုးကြီးတော့မဟုတ်ပါဘူး။ ဒါပေမယ့် Imposter ဖြစ်ပြီး အမြဲတမ်းစိတ်ကျနေမယ်၊ ဘာ Action မှ မလုပ်ဘူးဆိုရင်တော့ ဒီနွံ့ထဲပဲနှစ်နေမှာပါ။  

သူများနဲ့ ယှဉ်ပြီးမလောဖို့

ကိုယ်က သူ့လိုမဖြစ်သေးဘူးဆိုပြီး သူများနဲ့ယှဉ်ပြီး မသိလိုက်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် စိတ်ဖိစီးမှုတွေပေးလိုက်မိတဲ့အချိန်ရှိတတ်ပါတယ်။ ပန်းတစ်ပွင့်နဲ့တစ်ပွင့် ပွင့်ချိန်မတူညီသလို၊ လူတစ်ယောက်နဲ့လူတစ်ယောက် အောင်မြင်ချိန်ဆိုတာဟာလည်း မတူနိုင်ပါဘူး။ ပန်းပွင့်ဖို့အတွက်လည်း ပတ်ဝန်းကျင်၊ လေ၊ မြေ၊ ရေ၊ နေတွေကလည်း အရေးကြီးသလို လူတစ်ယောက်အောင်မြင်ဖို့အတွက် ပတ်ဝန်းကျင်၊ ကြိုးစားအားထုတ်မှု၊ လုံ့လ၊ ကံ၊ ဉာဏ်၊ ဝီရိယတွေက လိုကိုလိုအပ်ပါတယ်။ ပြီးတော့ အသက် ၄၀ မီလီယံနာ ထိတ်ထိတ်ကြဲအောင်မြင်နေတဲ့ သူဌေးအဖြစ်နဲ့ ကိုယ်က အသက် ၂၀ ကျောင်းသားအဖြစ်နဲ့ ယှဉ်တာမျိုးဆိုတာကလည်း အဓိပ္ပာယ်ကိုမရှိတာပါ။ လူတိုင်းကြိုးစားအားထုတ်မှု၊ လုံ့လ၊ ကံ၊ ဉာဏ်၊ ဝီရိယ တွေ စိုက်ထုတ်ပြီးမှ ကိုယ်လိုချင်တဲ့အရာကို ရနိုင်မှာပါ။ ဘာမှ မလုပ်ဘဲ ထိုင်ညည်းနေမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ်တင်မက ကိုယ့်ပတ်ဝန်းကျင်ကိုပါ အဆိတ်အတောက်ဖြစ်စေတတ်တာကို သတိထားသင့်ပါတယ်။

လောပြီး ဆုံးဖြတ်ချက်မမှားဖို့ 

ပြီးရင် လူတိုင်းက ကိုယ့်ထက်တော်တဲ့သူ၊ တတ်တဲ့သူနဲ့သာ ယှဉ်ပြီး ကိုယ့်တန်ဖိုး၊ ကြိုးစားအားထုတ်ခဲ့မှုကို မေ့နေတတ်ကြပါတယ်။ ဒီလောကကြီးမှာ ကိုယ့်ထက်ရှေ့ရောက်နေတဲ့သူတွေ၊ ကိုယ်နဲ့ Level တစ်ခုတည်းမှာရှိနေတဲ့သူတွေ အများကြီးရှိသလို၊ ကိုယ့်ထက်နောက်ကျနေတဲ့သူတွေလည်း အများကြီးရှိပါတယ်။ အရေးကြီးဆုံးက ကိုယ်ဒီလိုအခြေအနေထိရောက်အောင်လာခဲ့တဲ့ အရင်က ကြိုးစားအားထုတ်ခဲ့တဲ့အရာတွေကို ပြန်အောက်မေ့ပြီး ကိုယ့်ကိုယ်ကိုယ် Value ထားတတ်ဖို့ မြှင့်တင်ဖို့လိုပါတယ်။ သူများ ဒီဟာလုပ်နေလို့ ကိုယ်က ဒီဟာလုပ်မယ်ဆိုပြီး လောပြီး ဆုံးဖြတ်ချက်အမှားတွေကို မချဖို့ အင်မတန်မှကို အရေးကြီးပါတယ်။ 

ကိုယ့်ကိုယ်ကိုယ် Negative Talk တွေမပြောဖို့

အမြဲတမ်း ငါမလုပ်နိုင်ဘူး၊ မဖြစ်နိုင်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် မကောင်းတဲ့ စကားတွေပြောနေတဲ့တချိန်တည်းမှာပဲ ကိုယ့်မသိစိတ်ထဲမှာ ဒါကစွဲပြီး ဘာလုပ်လုပ် ယုံကြည်မှုမရှိဘဲ ကိုယ့်တကယ်လုပ်နိုင်တယ်ဆိုရင်တောင် မလုပ်နိုင်ဖြစ်တတ်ပါတယ်။ Negative talk ပြောတာက ကိုယ့်ပတ်ဝန်းကျင်ကိုသာမက ကိုယ့်ကိုယ်ကိုယ်လည်း Toxic (အဆိပ်အတောက်) ဖြစ်စေတာမို့ လုံးဝကို ရပ်သင့်ပါတယ်။ ဒါထက် ကိုယ့်ဘေးပတ်ဝန်းကျင်မှာ တခြားလူပြောနေရင်လည်း ပြောနေတဲ့သူတွေကို ရှောင်သင့်ပါတယ်။ စိတ်ဆိုတာ မီးလိုပဲ။ ကူးဆက်လွယ်တယ်မလား။ 

ကိစ္စအကြီးကြီးဖြစ်ဖို့ဆိုတာထက် စိတ်ရှည်ပြီး Small steps ကနေ action စဖို့

တခါတလေကျရင် တအားအောင်မြင်နေတဲ့သူတွေ၊ တော်တဲ့သူတွေနဲ့ယှဉ်ပြီး သူတို့လိုနေရာကို အချိန်တိုအတွင်းနဲ့ စိတ်ကူးယှဉ်ပြီး ရောက်ချင်တတ်ကြပါတယ်။ ဒီမှာတစ်ခုပြောချင်တာက ဘယ်သူကမှ ချက်ချင်းဆိုသလို မအောင်မြင်ကြသလို၊ မတော်ကြပါဘူး။ အပေါ်က ပြောခဲ့တဲ့ အနှစ်နှစ်၊ အလလ၊ အရက်ရက် ကြိုးစားအားထုတ်မှု၊ လုံ့လ၊ ကံ၊ ဉာဏ်၊ ဝီရိယ တွေ စိုက်ထုတ်ပြီးမှ နေရာတခုကို ရောက်လာကြတဲ့သူတွေပါပဲ။ ဒါကြောင့် ချက်ချင်းဆိုသလို အောင်မြင်ချင်တယ်၊ တော်ချင်တယ်ဆိုတဲ့ စိတ်ကို လျော့ပြီး ရေရှည်၊ ရေတိုရည်မှန်းချက်တွေချမှတ်ပြီး Small steps ကနေ  action ယူတတ်ဖို့အရေးကြီးပါတယ်။ အမြင်သာဆုံဂဥပမာပေးရမယ်ဆိုရင် စာမျက်နှာ ၃၀၀ ရှိတဲ့ စာအုပ်ကို တစ်ပတ်အတွင်းအပြီးဖတ်မယ်ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ Goal ပါ။ (ဖြစ်နိုင်တဲ့သူအတွက်ရှိပေမယ့် အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက်၊ လူမှုရေးရာတွေနဲ့ ပြည့်နေတဲ့ Xin အတွက်ကတော့ လုံးဝမဖြစ်နိုင်ပါ။) ဒါကြောင့်  ၁ရက် ၁၀ မျက်နှာနဲ့ သွားရင် ရက် ၃၀ (၁ လ)ဆို 10 pages x 30 days = 300 pages ဖြစ်သွားပါတယ်။ ဒီလိုဆိုရင် ကိုယ့်အတွက်လည်း Stress မများသလို Bus စီးနေတဲ့အချိန်ဖြစ်ဖြစ်၊ Train စီးနေတဲ့အချိန်ဖြစ်ဖြစ် ဖတ်ရင် ၁၀ မျက်နှာဆိုတာ ပြီးကိုပြီးပါတယ်။ အဲ့လိုမဟုတ်ဘဲ တစ်ပတ်ကို ၃၀၀ မျက်နှာဖတ်ရမယ်လို့လုပ်လိုက်ရင် တစ်ရက်ကို 42 မျက်နှာ (300 pages/ 7 days) ဝန်းကျင်လောက်ဖတ်ရမှာပါ။ စာဖတ်အားနှေးတဲ့သူဆို တစ်မျက်နှာကို ၃ - ၅  မိနစ်လောက်ကြာနိုင်ပါတယ်။ 5 mins x 42 pages ဆိုရင် 210 မိနစ် (210mins/ 60mins= 3 နာရီခွဲ ဝန်းကျင်) လောက်ကို တစ်ရက်တစ်ရက်ဖတ်ရမှာပါ။ လူတိုင်းက အလုပ်ပြန်ပြီးရင် personal ကိစ္စလေးတွေ၊ ပိတ်ရက်တွေဆိုလည်း လူမှုရေးကိစ္စလေးတွေရှိသေးတယ်မလား။ တခုခုဆို အကြောင်းပြချက်မျိုးစုံပေးတတ်ပြီး မလုပ်ဖြစ်တာတွေရှိတတ်ပါတယ်။ ဒါကြောင့် Small steps ကနေစဖို့လိုအပ်တာပါ။ Xin ဆိုရင် တစ်နေ့တာ ကိုယ်ဖတ်ရမယ်လို့သတ်မှတ်ထားတဲ့ စာမျက်နှာတွေ ဖတ်ပြီးသွားရင်လည်း နောက်စာမျက်နှာတွေကို ဆက်ဖတ်ပါတယ်။ အဓိကက Action စယူဖို့ပဲမလား။ ကိုယ်စတင်လုပ်ဆောင်မယ့်အရာတွေကို သေးနေမယ်ဆိုရင်တော့ Action ယူရတာ လွယ်ကူပါလိမ့်မယ်။

Consistency နဲ့ Discipline ရှိဖို့

နောက်တစ်ချက်က  Consistency ရှိဖို့လည်းအရေးကြီးပါတယ်။ လူပဲလေ။ ပျင်းတဲ့အချိန်၊ လုပ်ချင်စိတ်မရှိတဲ့အချိန်ဆိုတာ ရှိတာပဲ။ ဒီလိုဖြစ်တယ်ဆိုတာ ထုံးစံ၊ ပုံမှန်၊ လူ့သဘောသဘာဝလို့ပဲမြင်တယ်။ ဒါပေမယ့် Consistency နဲ့ Discipline ရှိဖို့တော်တော်ကို အအရေးကြီးပါတယ်။ Xin ကိုယ်တိုင်လည်း တချို့ရက်တွေဆို ဘာမှမလုပ်ချင်တဲ့ရက်ရှိပါတယ်။ အဲ့လိုနေ့မျိုးဆိုရင် Small steps/ goals လေးတွေ ချမှတ်ထားတာမို့လို့ ဝန်ပိသလိုမခံစားရသလို အချိန်တိုအတွင်း လုပ်ဆောင်ရလွယ်ကူပါတယ်။

စဖို့ ဘယ်တော့မှ မနောက်ကျသေး

သူများနဲ့ယှဉ်ပြီး ကိုယ့်ကိုယ်ကိုယ် Imposter မဖြစ်ဖို့၊ ငါဘယ်တော့မှမလုပ်နိုင်ဘူးဆိုတာ မတွေးဖို့၊ ကိုယ်ကိုယ့်ကိုယ် Negative talk တွေပြောတာရပ်ဖို့ တော်တော်လေးကို အရေးကြီးပါတယ်။ အဓိကက Growth mindest ထားဖို့ပါ။ အသစ်သစ်သော အရာတွေကို Try ကြည့်မယ်။ မှားရင်လည်း ကိုယ့်မှာလိုအပ်ချက်ရှိတယ်လို့မတွေးဘဲ ငါ Growth ဖြစ်ဖို့ New Experience ရဖို့ သင်ယူနေတယ်၊ လုပ်နေတယ်လို့ တစ်ဖက်ကနေတွေးနိုင်ရင် ပိုကောင်းပါတယ်။ အရေးကြီးဆုံးက အပေါ်မှာပြောခဲ့သလို အရာရာတိုင်းကို မလောဖို့၊ အေးအေးဆေးဆေးနဲ့ ဆုံးဖြတ်ချက်ချဖို့၊ သူများနဲ့ မယှဉ်ဖို့၊ Small steps ကနေစဖို့၊ Consistency ရှိဖို့၊ Fixed mindset ကိုဖယ်ပြီး Growth mindset ထားဖို့ အင်မတန်မှကို အရေးကြီးပါတယ်။ 

ကိုယ်တစ်ယောက်တည်းဖြစ်နေတာမဟုတ်

တခါတလေ တခြားလူတွေရဲ့ ကောင်းတဲ့အချက်တွေကိုပဲကြည့်ပြီး ကိုယ့်ရဲ့လိုအပ်တွေနဲ့ သွားယှဉ်မိတတ်ကြတယ်။ အရမ်းပျော်နေတဲ့သူတွေကို တွေ့ရင် သူတို့တွေမှာအားနည်းချက်မရှိနိုင်လောက်ဘူးဆိုပြီး  social media တွေမှာ ကြည့်ပြီး ဆုံးဖြတ်တတ်ကြတယ်။ လူတိုင်းက အချိန်တိုင်းပျော်ရွင်နေမှာမဟုတ်သလို၊ စိတ်ဓာတ်ကျတဲ့အချိန်၊ ကျရှုံးနေတဲ့အချိန်တွေကို တမင်တကာ ပြတတ်ကြတာမှာမဟုတ်တာ။ ဒါကြောင့် Imposter ဖြစ်တာဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်တာဖြစ်ဖြစ် ဖြစ်လာရင် သိထားရမှာက ကိုယ်တစ်ယောက်တည်း ဒီလိုဖြစ်နေတာ မဟုတ်တာကိုပါပဲ။ 

သုံးသပ်ချက်

ဖြစ်စဉ်အကုန်လုံးကို သုံးသပ်ကြည့်လိုက်မယ်ဆိုရင် Fixed mindset ကနေစတာကို သတိထားမိလာတယ်။ ဘယ်ဟာလုပ်လုပ် မရဘူး။ မဖြစ်နိုင်ဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဘောင်ခတ်ပြီး သတ်မှတ်လိုက်တာ။ အဲ့သတ်မှတ်လိုက်တာကနေတဆင့် လူက ယုံကြည်မှုပျောက်ဆုံးပြီး အရာရာတိုင်းကို မလုပ်ရဲ၊ မလုပ်နိုင်တော့ထိကို ဖြစ်လာတော့တာပဲ။ ဒါကြောင့် နောက်ပိုင်း အမြဲ Open mindset ရှိဖို့၊ ကိုယ့်ကိုယ်ကိုယ် မသိလိုက်တဲ့အချိန်မှာ ဘောင်မခတ်မိလိုက်ဖို့၊ ကိုယ့်ကိုယ့်ကိုယ် အမြဲသတိရှိနေဖို့၊ ကိုယ့်စိတ်မှာဖြစ်ပျက်နေတဲ့အရာတွေကို စဉ်ဆက်မပြတ် သုံးသတ်နေဖို့ ကိုယ့်ကိုယ့်ကိုယ်ကိုယ် သတိပေးရင်း။ 

この記事が気に入ったらサポートをしてみませんか?